34 C
Yangon

ဖားကန့်မြို့၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်၏ ထွက်ပေါက်များကို KIA၊ KPDF က ပိတ်ဆို့ထား

Must read

ဖားကန့်မြို့၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်၏ ထွက်ပေါက်များကို KIA၊ KPDF က ပိတ်ဆို့ထား

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်၏ ထွက်ပေါက်များကို KIA၊ KPDF က ပိတ်ဆို့ ထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလပိုင်းမှစ၍ ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် KIA၊ KPDF များ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂၃ ရက်ခန့် ရှိပြီး ဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။

အဆိုပါ ဆိုင်းတောင်ရွာအတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ်နှင့် ယူမာ ကျောက်စိမ်းရုံးတို့၌ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး ဖားကန့် တပ်မကုန်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးလျက်ရှိကြောင်း သိရှိရသည်။

“ဆိုင်းတောင်ဘက်မှာ တိုက်ပွဲဖြစ်တာ ဒီနေ့နဲ့ဆိုရင် ၂၃ ရက်ရှိပြီ ဖားကန့် တပ်မကုန်းကနေလည်း ဆိုင်းတောင်ဘက်ကို လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတယ်။ လောလောဆယ်တော့ ဆိုင်းတောင်ဘက်ခြမ်းမှာ Lucky Man ဟိုတယ်ရယ် Lucky Man ဟိုတယ်ဘေးက KTV အဲဒီ ၂ ခုမှာ စစ်ကောင်စီ တပ်သားတွေရှိသေးတယ်။ ပြီးရင် ယူမာရပ်ကွက် ကျောက်စိမ်းရုံးပေါ့။ အဲဒီမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိသေးတယ်ဆိုတော့ တိုက်ပွဲဖြစ်နေတကေ ဆိုင်းတောင် Lucky Man ရယ်၊ ယူမာ ကျောက်စိမ်းရုံးရယ် နှစ်နေရာမှာ တိုက်ပွဲ ဖြစ်နေတာပေါ့” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဖားကန့် တပ်မကုန်းကိုလည်း KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်ခြင်းများရှိကြောင်း၊ လက်ရှိတွင်လည်း ဆိုင်းတောင်နှင့် ယူမာ ဘက်ခြမ်းရှိ အကြမ်းဖက် စစ်တပ်၏ ထွက်ပေါက်များကို KIA ပူးပေါင်း တပ်များက ဆက်လက် ပိတ်ဆို့ထား‌ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article