26 C
Yangon

ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်မှ စက်တင်ဘာလ ၂၇ရက်နေ့ အထိ ရွှေဘိုမြို့နယ်၊ ပြည်သူ့စစ်ကျေးရွာ များဖြစ်သည့် သီလုံး(ပသစ) ကျေးရွာ ထိုင်ကင်းကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် Drone ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပန်းရံရွာရှိ ပြည်သူ့စစ်ဂိတ်စခန်းတွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဗုံးသီး ၃ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် မင်္ဂလာရွာ ပြည်သူ့စစ် ကင်းစခန်းကို ထပ်မံပြီး ဒရုန်း ဗုံးသီး ၂ လုံး နှင့် ဇီးကုန်းလေးရွာ ပြည်သူ့စစ် ဘန်ကာကို ဒရုန်း ဗုံးသီး ၁ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုများအတွင်း သီးလုံးပျူစေထီးရွာကို ရောက်ရှိနေသော ဇီးဖြူကုန်းရွာမှ ပျူစောထီး မောင်ကောင်း နှင့် မင်္ဂလာရွာ ပျစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပန်းရံပျူစောထီးရွာ၌ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ M . S . N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (ဝလ) ၊ စွန်ရဲရွှေဘို ဒေသခံ ၊ ရွှေဘိုအားမာန် ၊ (LDF) ၊ BO BA Taw ၊ shwe bo FederalArmy ၊ Snake Eye ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုသားပြည်သူကာကွယ်ရေးအဖွဲ့ ၊ YAUNG NI ၊ HG FIGHTRS ၊ Zay Yar Thawed ၊ EYE FOR EYE ၊ Flying Dragon Force ၊ ကိုသူရိန် အဖွဲ့၊မဟာမိတ် ဖြစ်သေား ရွှေဘိုခရိုင် တပ်ရင်း (၄) ဗိုလ်လင်းရောင်(ဒပယ) ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article