26 C
Yangon

ဖြူးမြို့နယ်၊ ဆင်တဲကုန်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၆ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဖြူးမြို့နယ်၊ ဆင်တဲကုန်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၆ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဆင်တဲကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၄၆ မိနစ်၊ ၇ နာရီ ၃၀ မိနစ်၊ ၉ နာရီ ၁၆ မိနစ်၊ ၁၀ နာရီ ၅၀ မိနစ်၊ ၁၁ နာရီ ၁၆ မိနစ်နှင့် ညနေ ၄ နာရီ ၇ မိနစ်တို့တွင် ဖြူးမြို့နယ်၊ ဆင်တဲကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်မှုရှိနိုင်ပေမယ့် သေဆုံးမှု အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ၆ ကြိမ် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ကျွန်တော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ နှင့် သာယာဝတီ ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article