26 C
Yangon

ဟားခါးမြို့တွင် စစ်ကောင်စီ တပ်သားများ သန်းခေါင် စာရင်းကောက်ယူနေချိန် ပစ်ခတ်မှုဖြစ်ပွား

Must read

ဟားခါးမြို့တွင် စစ်ကောင်စီ တပ်သားများ သန်းခေါင် စာရင်းကောက်ယူနေချိန် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၂

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သန်းခေါင်း စာရင်း ကောက်ယူချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ ရဲစခန်းအနီး သန်းခေါင်စာရင်း ကောက်ယူနေသူများကို လုံခြုံရေး ယူပေးနေသော စစ်ကောင်စီ တပ်သားများကို CDF-Hakha က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာမှာ အားပေး ကူညီသူ Non CDM ဝန်ထမ်းများကို စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ် ရှင်းလင်းမယ်လို့ CDF- Hakha က စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားကြောင်း၊ အောက်တိုဘာ ၁ ရက်နေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂ ရက်နေ့တွင်လည်း သန်းခေါင်စာရင်း ဆက်လက် ကောက်ခံခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်ရှိ ဟားခါးမြို့အပြင် ဖလမ်းမြို့တွင်လည်း အောက်တိုဘာ ၁ ရက်နေ့၌ စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်း စတင် ကောက်ယူခဲ့ကြောင်း၊ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်ထဲမှ ဖလမ်းနှင့် ဟားခါး မြို့ပေါ် ရပ်ကွက်တချို့သာ စစ်ကောင်စီက သန်းခေါင် စာရင်း ကောက်ယူနိုင်ပြီး ကျန်မြို့နယ်များကို သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ချင်းပြည်နယ်ရှိ မြို့ပေါ်များမှ လွဲရင် ကျန်နယ်မြေများကို ဒေသကာကွယ်ရေးတပ်များက အဓိကနယ်မြေစိုးမိုးထားပြီး သန်းခေါင်စာရင်းကောက်ယူသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသ ကာကွယ်ရေးအဖွဲ့များကထုတ်ပြန်ထားသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article