26 C
Yangon

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

Must read

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း Flying Star Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၂ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများလိုက်ပါလာသော ကား ၁ စီးသည် ကရသူရိမှ ပြန်အလာကို စောင့်ကြို၍ Flying Star Force အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ရေတပ်မှ ဗိုလ်ကြီးအဆင့်ရှိ ၁ ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန် ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီ တပ်သားသည် ကော့သောင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article