29 C
Yangon

ဒီပဲယင်းမြို့နှင့်အနီးဝန်းကျင်ကို စစ်တပ်က စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ဒီပဲယင်းမြို့နှင့်အနီးဝန်းကျင်ကို စစ်တပ်က စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဒီပဲယင်းမြို့နှင့်အနီးတစ်၀ိုက်ကို စစ်ကောင်စီက စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ဒီပဲယင်းမြို့နှင့် အနီးပတ်၀န်းကျင်ကို စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF များ မြို့ကို တိုက်ခိုက်မည်ဆိုသော စစ်တပ် လော်ဘီများ၏ သတင်းဖြန့်မှုကြောင့် ယင်းသို့ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးလော်ဘီတွေက ဒီပဲယင်းမြို့ကို PDF တွေ ကပ်လာတယ်လို့ သတင်းပို့လို့ ရဟတ်ယာဉ်နဲ့လာပစ်တာ၊ တကယ်က ဘယ်အဖွဲ့မှ မြို့နားမရှိဘူး၊ ပြည် သူ ထိခိုက်မှုရှိ၊မရှိတော့မသိရသေးဘူး၊ ပြည်သူတွေလည်း မရှိဘူး”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက ဩဂုတ်လ ၁၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်၍ နေ့ချင်းပြန်လည် တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ မြို့ခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article