33 C
Yangon

အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ တက်လာသော စစ်တပ်၏ ရှေ့ပြေး စစ်ကြောင်းနှင့် ကင်းထောက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

Must read

အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ တက်လာသော စစ်တပ်၏ ရှေ့ပြေး စစ်ကြောင်းနှင့် ကင်းထောက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ တက်လာသော အကြမ်းဖက် စစ်တပ်၏ ရှေ့ပြေး စစ်ကြောင်းနှင့် ကင်းထောက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၄ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာ ရဲစခန်းမှ တက်လာသည့် အင်အား ၁၂ ဦးပါ စစ်တပ်၏ ရှေ့ပြေးစစ်ကြောင်းကို တာဝါတိုင်ရွာအတွင်း၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁ ဦး နေရာတွင် သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိကာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကူ ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သေဆုံးဒဏ်ရာရသူများကို သယ်ယူကာ တပ်ဆုတ်သွားကြောင်း သိရှိရသည်။

ထိုသို့ စစ်ကောင်စီ တပ်သားများ တပ်ပြန်ဆုတ်သွားပြီးနောက် ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဂမုန်းရေလှောင်တမံသို့ ကင်းထောက်ရန် လာသည့် အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီ တပ်သား ၃ ဦးကို ဇီးကင်းပြန့် တောစပ်၌ တော်လှန်ရေး ရဲဘော်များက ထပ်မံ စောင့်ကြို တိုက်ခိုက်ရာ ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားပြီး ထပ်မံ ရောက်ရှိလာသော စစ်ကူများက အလင်းကောက်၍ တပ်ဆုတ်သွားကြောင်း သိရသည်။

“ဝိုင်းရဲစခန်းက တက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်တာ မိနစ် ၂၀ လောက်ကြာတယ်။ သူတို့ဘက်က အထိနာလို့ စစ်ကူ ၆၀ လောက် ရောက်လာပြီး သေဆုံး ဒဏ်ရာရ စစ်ခွေးတွေသယ်ပြီး ဝိုင်းစခန်းကို တပ်ဆုတ်သွားတယ်။ ၃ နာရီလောက်က တက်လာတဲ့ စစ်ခွေး ၃ ကောင်ကျတော့ ရဲဘော်တွေစောင့်ပြီး အပိုင်ပစ်ရတာမို့ နေရာတင်သေတယ်။ ရဲဘော်တွေ လက်နက်ကောက်ဖို့ အခြေအနေ စောင့်ကြည့်နေတုန်း စစ်ခွေးတွေ ထပ်တက်လာလို့ ၁၀ မိနစ်လောက် ပစ်ခတ်ကြတယ်။ နောက်တော့ စစ်ခွေးဘက်က အလောင်းတွေသယ်ပြီး တပ်ဆုတ်သွားတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

ဓာတ်ပုံ- ဩဂုတ်လ ၂၄ ရက်နေ့ လက်ပံတန်းမြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး ၁၀ ဦးအညံ့ခံကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article