30 C
Yangon

လားရှိုးမြို့၊ ရပ်ကွက် ၅ မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီက အရပ်ဘက်နေရာများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီဟု MNDAA ပြော

Must read

လားရှိုးမြို့၊ ရပ်ကွက် ၅ မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီက အရပ်ဘက်နေရာများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီဟု MNDAA ပြော

ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၅ မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန် စစ်ကောင်စီ လာရှိုးမြို့ရှိ စစ်ရေးပစ်မှတ်သော လားရှိုးမြို့ ရပ်ကွက် ၅ မန်အိုင်ကုန်းပေါ် အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်ပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ၃ ထပ်တိုက်အိမ်တစ်လုံးနှင့် ၂ ထပ်တိုက်အိမ်တစ်လုံးအပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ယခင်ရက်ပိုင်းများအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ညပိုင်းတွင်သာ ပြုလုပ်ရာမှ ယခုအခါ နေ့အချိန်တွင်ပါ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြောင်း၊ စစ်ရေးနှင့် (လုံးဝ) သက်ဆိုင်ခြင်းမရှိသည့် လူနေရပ်ကွက်အတွင်းရှိ လူနေအိမ်များကို အကြောင်းမဲ့သက်သက် ဗုံးကျဲ တိုက်ခိုက်နေခြင်း စစ်ကောင်စီအနေဖြင့် နိုင်ငံတကာက တားမြစ်ထားသည့် စစ်ရာဇဝတ်မှုကို ရဲရဲတင်းတင်းကျူးလွန်ခြင်းဖြစ်ကြောင်း MNDAA က ပြောသည်။

စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေရပြီး လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေကြောင်း၊ သို့ရာတွင် စိုးရိမ်စရာမရှိကြောင်း MNDAA က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article