28 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ခဲယမ်းများနှင့် ပြည်သူများထံမှ ခိုးယူထားသည့် ရွှေထည် ပစ္စည်းများ သိမ်းဆည်းရရှိ

Must read

မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ခဲယမ်းများနှင့် ပြည်သူများထံမှ ခိုးယူထားသည့် ရွှေထည် ပစ္စည်းများ သိမ်းဆည်းရရှိ

■ စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ခဲယမ်းများနှင့် ပြည်သူများထံမှ ခိုးယူထားသည့် ရွှေထည် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် ကျောက်ကန်ရွာအတွင်း ဓားပြတိုက် ခိုးယူ လုယက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး စခန်းအတွင်းရှိ ဘန်ကာများကို သိမ်းဆည်းနိုင်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်ဘက်မှ စစ်ကူစစ်ကြောင်းနှင့် Mi-35 ရဟတ်ယာဉ် ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 ကျည် ၅၀ တောင့် ၊ ၅,၅၆ ကျည် ၉၆ တောင့်၊ ၉ မမ ကျည် ၃၆ တောင့်၊ ကိုးလုံးကျည် ၂၀ တောင့်ခန့် သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြည်သူများထံမှ ခိုးယူထားသော ရွှေထည် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကျောက်ကန်ရွာမှာက စစ်ကောင်စီ တပ်သား ၃၀ ကျော်လောက် တပ်စွဲထားတာ ဒေသတွင်း ပျူစောထီးတွေလည်းပါတယ်။ အဲစစ်ခွေးတွေက အနီးအနားမှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးတယ်။ ပြည်သူပိုင် ပစ္စည်းတွေလည်း ခိုးယူတာတွေရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက အဲစခန်းကို ဝင်သိမ်းတာပဲ ဝင်သိမ်းတဲ့အချိန်မှာ စစ်ခွေးတွေ ဘန်ကာတွေထိ ရပြီးပြီ တိုက်ပွဲကလည်း ၅ နာရီလောက်ကြာသွားတယ်။ အဲအချိန်မှာ Mi 35 ၁ စီး ရောက်လာပြီး ရော့ကတ်တွေကို ပွိုင့် ၅ တွေနဲ့ကော ရမ်းပစ်တာ တော်လှန်ရေး တပ်ဖွဲ့တွေ ရှင်းလင်းရေး မဝင်လိုက်ရဘူး။ နောက်မှာလည်း စစ်ကူ စစ်ခွေး စစ်ကြောင်းကလည်း ရောက်လာတယ်။ အဲအချိန်မှာ တော်လှန်ရေး ရဲဘော်တွေ ပြန်ပြီး ဆုတ်ခွာပေးလိုက်ရတာ” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ စစ်ကူ စစ်ကြောင်းကလည်း အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေသည့် ကျောက်ကန်ရွာမှ အသက်အရွယ် ဦးအောင်သိန်း ၊ သားဖြစ်သူ အသက် ၄၀ အရွယ် ဦးဝင်းညွန့်၊ အသက် ၅၀ အရွယ် ဦးသောင်းဌေး ၊ အသက် ၅၀ အရွယ် ဦးမြင့်နိုင်နှင့် အသက် ၃၀ အရွယ် ဦးဖိုးဆိတ်တို့ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်ထွန်းနေသည့် ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့ကြောင်း၊ ကျောက်ကန်ရွာမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားများကလည်း သစ်ရုံရွာ ဘုန်းကြီးကျောင်းမှ ဆရာတော်တစ်ပါး၏ မယ်တော်ကိုလည်း ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article