26 C
Yangon

မတ္တရာမြို့နယ်၊ ဆယ်ပင်ရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်၊ မြေပြင်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများက တုံကုန်းရွာကို မီးရှို့ဖျက်ဆီးနေ

Must read

မတ္တရာမြို့နယ်၊ ဆယ်ပင်ရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်၊ မြေပြင်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများက တုံကုန်းရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆယ်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်း လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများက တုံကုန်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်၊ ဆယ်ပင်ရွာကို လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကလည်း တုံကုန်းရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေကြောင်း၊ လက်ရှိချိန်ထိ မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ရှိသောကြောင့် ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဆယ်ပယ်ရွာကို လေယာဉ်နဲ့ ဗုံး ၂ လုံး ကျဲချ သွားတယ်လို့ သိရတယ်။ အခု ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှာ ကျဲချသွားတာ အခုက စစ်ခွေးတွေ တုံကုန်းရွာကို မီးရှို့နေတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article