Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်း စက်သုံးဆီဆိုင်တွေမှာ စမတ်ကတ် စက်နဲ့ နည်းပညာ Software တွေ မဝယ်မနေရ ရောင်းချနေပြီး ၊ အဲဒီ စမတ်ကတ်နဲ့ စက်သုံးဆီ ဝယ်ယူရမယ့် စနစ် စတင်ပြီးရင် ဆီတင်သွင်းမှုတွေကို အကြီးအကျယ် လျှော့ချမှာဖြစ်တယ်လို့ စက်သုံးဆီ သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့က မြောက်ဥက္ကလာပ မြို့နယ်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ဋ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး နဲ့ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့ နယ် ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်းက လက်ပံတန်းမြို့အထွက်မှာ ခရီးသည်တင်ကားပေါ်က ယာဉ်နောက်လိုက်အကူ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ် သိန်း ၇၀ နဲ့ ပြန်ရွေးခိုင်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။