29 C
Yangon

ပလိပ်မြို့တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ရဲ ၇ ဦးက စျေးသည် မစန်းစန်းလှိုင်၏ စျေးဖိုးအရင်းငွေကျပ် ၇ သိန်းကို လုယက်

Must read

ပလိပ်မြို့တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ရဲ ၇ ဦးက စျေးသည် မစန်းစန်းလှိုင်၏ စျေးဖိုးအရင်းငွေကျပ် ၇ သိန်းကို လုယက်

ရန်ကုန်၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ရဲ ၇ ဦးက စျေးသည် မစန်းစန်းလှိုင်၏ စျေးဖိုး အရင်းငွေကျပ် ၇ သိန်းကို လုယက်သွားကြောင်း လုယက်ခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ အချိန် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာမှ စျေးသည် မစန်းစန်းလှိုင်သည် စျေးရောင်းထွက်ရန်အတွက် သုံးဘီးဆိုင်ကယ်ဖြင့် စျေးကုန်များ၊ စျေးဖိုးအရင်းငွေများ ယူဆောင်၍ နေအိမ်မှ ထွက်လာကြောင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပလိပ်မြို့တောင်ဘက်၊ အိုးထိန်းတောင်လမ်းဆုံ မြောက်နားတွင် ဂိတ်ချ၍ ကားများနှင့်ဆိုင်ကယ်ကို ငွေကြေး တောင်းခံနေသော ရဲ ၇ ဦးက မစန်းစန်းလှိုင်၏ သုံးဘီးဆိုင်ကယ်ကို တားဆီးပြီး စျေးဖိုး အရင်းငွေကျပ် ၇ သိန်းကို လုယက်သွားခဲ့ကြောင်း သိရှိရသည်။

“မစန်းစန်းလှိုင်က မန္တလေးမှာ စျေးသွားရောင်းလေ့ရှိတဲ့ စျေးသည်ပါ။ အဲဒါ ဒီမနက် ၄ နာရီ ၃၀ မိနစ်အချိန်မှာ စျေးထွက်ဖို့ သုံးဘီဆိုင်ကယ်နဲ့ ထွက်လာတယ်။ ပလိပ်မြို့ ၊ အိုးထိန်းတောင်လမ်းဆုံမြောက်နားမှာ အမြဲဂိတ်ချပြီး ကားတွေနဲ့ ဆိုင်ကယ်တွေကို ပိုက်ဆံတောင်းနေတဲ့ ရဲ တွေ ရှိတယ်။ အဲဒီရဲ ၇ ဦး သူ့ ဆိုင်ကယ်ကို ရှာပြီးတော့ စျေးဖိုး ငွေ ၇ သိန်းတွေတော့ အတင်းယူသွားတယ်။ မလုပ်ပါနဲ့ စျေးဖိုးငွေလေးမို့ ပြန်ပေးပါဆိုတော့လည်း မပေးဘူး” ဟု စျေးသည် မစန်းစန်းလှိုင်၏ မိတ်ဆွေက ရှင်းပြသည်။

ငွေလုယက်ခံရသည့်အတွက် မစန်းစန်းလှိုင်မှာ စျေးမထွက်နိုင်တော့ဘဲ လှည့်ပြန်လာရကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သို့ တိုင်ကြားလိုသော်လည်း ရဲများကိုယ်တိုင် လုယက်ခြင်းဖြစ်၍ တိုင်ကြားရန်ခက်ခဲနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article