27 C
Yangon

ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ

Must read

ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာရှိ ပြည်သူပိုင် နေအိမ်များကို ငါတို့ရွာ ပျူစောထီး အထိုင်စခန်းမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ဒရုန်း ဖြင့် ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသူများမှာ အသက် ၃၀ နှစ် အရွယ် မဖြူဝင်း ၊ အသက် ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူ နှင့် အသက် ၁၀ နှစ်အရွယ် မငြိမ်းအိစံ တို့ ၃ ဦးဖြစ်ကြောင်း ၊ ထို့ပြင် ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင်လည်း ရွာမရွာရှိ ပြည်သူပိုင် နေအိမ်များပေါ်ကိုလည်း ဒရုန်းဖြင့် ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးကျဲနေသော စစ်ကောင်စီတပ်မှာ အောက် တိုဘာလ ၁၁ ရက်နေ့ ကန့်ဘလူ ၆၀၀၆ တပ်မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ငါတို့ရွာပျူစောထီး အထိုင် ချနေခြင်း ဖြစ် ကြောင်း ၊ အဆိုပါစစ်ကြောင်းက ယခင်ကဲ့သို့ စစ်ကြောင်း ထိုးခြင်းများမလုပ်ဘဲ အနီးအနားတဲတိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်များကို ခိုးယူ ရှာဖွေစားသောက်ကာ အထိုင်စခန်းများမှ ဒရုန်း ဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို အကြောင်းမဲ့သက်သက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်တွင် ထိုသို့ အကြမ်းဖက် စစ်တပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့ ပြည်သူ ၆ ဦး ဗုံးသီး ထိမှန် သေဆုံးခဲ့ကြောင်းကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article