27 C
Yangon

ဘုတလင်မြို့ပေါ်တွင် ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၆ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်

Must read

ဘုတလင်မြို့ပေါ်တွင် ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၆ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးငယ် ၃ ဦးအပါ အဝင် မိသားစုဝင် ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက် ည ၁၁ နာရီအချိန် ဘုတလင်မြို့တစ်မြို့လုံးကို စစ်တပ် စစ်ကြောင်းက ဝင်ရောက် လှည့်လည်ရမ်းကားမှုများ လုပ် ဆောင်သဖြင့် ပြည်သူများအားလုံးထွက်ပြေးကြကြောင်း၊ သို့ရာတွင် ဘုတလင်မြို့ ဗန္ဓုလရပ် ကွက်သစ်၊ သဖန်းလမ်းဆုံရှိ ဦးဖိုးကြာနှင့် ဒေါ်သင်းကုန်စုံဆိုင်နေမိသားစုမှာ စစ်တပ်ထောက်ခံသူ မိ သားစုဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ်က ဝင်ရောက်၍ ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၆ ဦးလုံးကို သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ သတ်ဖြတ်မှု ခံရသူများမှာ အသက် ၆၁ နှစ်အရွယ် ဦးဖိုးကြာ၊ အသက် ၅၀ နှစ်အရွယ် ဒေါ်မာသင်း၊ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူ မသဲသဲ၊ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ရွှေဖြိုးအောင်၊ မွေးစားသမီး အသက် ၁၄ နှစ်အရွယ် ၊ မွေးစားတူမ အသက် ၆ နှစ်အရွယ် စုစုပေါင်း မိသားစုဝင် ၆ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စကစ တွေ မြို့ထဲကို အင်အားအလုံးအရင်းနဲ့ပတ်မွှေနေတာ၊ တမြို့လုံးလိုလို ထွက်ပြေးနေကြ တယ်၊ အဲ့ဒီမိသားစုက ထွက်မပြေးဘဲ ကျန်နေခဲ့တာဗျ၊ မနက် ၁၂နာရီခွဲက ဖြစ်သွားတာ၊ သူတို့က စစ်တပ်ထောက်ခံတဲ့ မိသားစုတွေ မကြောက်တော့မပြေးတာပေါ့။ ဟို(စကစ)စစ်ကြောင်းက ရက်ရက်စက်စက်သတ်သွားတာ၊မွေးစားတူမလေးက ကိုင်ပေါက်သတ်ခံရတာ၊ကျန်တဲ့ မိသားစုဝင်တွေက လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကိုသေနတ်နဲ့တေ့ပစ်သတ်ခံရတာ”ဟု ဒေသသတင်း ရင်းမြစ်က ပြောကြားသည်။

မိသားစုဝင် ၆ ဦးကို သတ်ဖြတ်သွားသော စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့မှစတင်၍ ဘုတလင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာ ကာ လှည့်ပတ်သောင်းကျန်းနေခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းက ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို လည်း ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article