29 C
Yangon

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ

Must read

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတာရှည်မြို့နယ်တွင်လည်း ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ထန်းတပင်မြို့နယ်၊ ဆင်ဖြူတောင်တွင် အကြမ်းဖက်စစ်တပ် နှင့် PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ စစ်ဘေးရှောင်စခန်းမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရေတာရှည်မြို့နယ်တွင်လည်း အောက်တိုဘာလ ၁၁ ရက်နေ့က သာယာကုန်းကျေးရွာတွင် အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်တောင်းမြစ်အရှေ့ဘက်ဒေသရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများကို မကြာခဏ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး အမှတ် ၂ စစ်ဒေသခွဲတွင် စက်တင်ဘာလ တစ်လတာ အတွင်း အရပ်သားပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၄ ဦးသေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article