29 C
Yangon

ပုဂံတွင် သန်းခေါင်စာရင်း ကောက်နေသော အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းပြီးနောက် သီတင်းကျွတ်ကာလ ပုဂံသို့ အပန်းဖြေခရီးထွက်မှုများ ရှောင်ကြည်ကြရန် ပုဂံပြည်ဘီလူးတပ်က သတိပေး

Must read

ပုဂံတွင် သန်းခေါင်စာရင်း ကောက်နေသော အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းပြီးနောက် သီတင်းကျွတ်ကာလ ပုဂံသို့ အပန်းဖြေခရီးထွက်မှုများ ရှောင်ကြည်ကြရန် ပုဂံပြည်ဘီလူးတပ်က သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၄

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် သန်းခေါင်စာရင်းကောက်ယူနေသော အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် ပုဂံသို့ သီတင်းကျွတ်ကာလ အပန်းဖြေခရီးထွက်လာမှုများ ရှောင်ကြည်ကြရန် ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက် သန်းခေါင်စာရင်းကောက်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်းကို ပုဂံပြည်ဘီလူးတပ်က ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဆော်လီ(ခ) နိုင်နိုင်ထွန်းသည် စစ်မှုထမ်းသင်တန်းသား စစ်သားများ စုဆောင်းခြင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းတို့တွင် တက်ကြွစွာ ပါဝင်နေကြောင်း၊ သတိပေးထားသည့်ကြားမှ ဂရုမစိုက်သည့်အတွက် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

” ပုဂံမြို့ မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သန်ခေါင်းစာရင်း ကောက်နေတဲ့ ပုဂံမြို့ရဲ့ အဆိုးဝါးဆုံး ပျူစောထီးဖြစ်တဲ့ ပုဂံ ငဆော်(ခ) ဆော်လီ အား ပုဂံပြည်ဘီလူးတပ်မှာ ပစ်ခတ်ရှင်းလင်း လိုက်ရာမှာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပါတယ်။ ”ပုဂံ ငဆော်”က အိမ်မှာ မနေတာ များတယ်။ ရဲစခန်းမှာပဲ အနေများ တယ်။ သူ အိတ်ထဲမှာ အမြဲ သေနတ်အတိုတစ်လက် ကိုင်ဆောင်ထားတယ်။ သူ့ကို ပစ်ခတ်ရှင်းလင်းချိန်မှာ အချိန်မရတော့ သူဆီက သေနတ်ကို မယူနိုင်ခဲ့ပါဘူး။ လုံခြုံရေး တွေ ကြားထဲကလုပ်ရတာ ဆိုတော့ အမြန်ရှင်း အမြန် ပြန်ဆုတ်ခဲ့ရပါတယ်”ဟု ပုဂံပြည်ဘီလူးတပ်တာဝန်ရှိသူက ရှင်းပြသည်။

ပုဂံမြို့တွင် သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဆော်လီ(ခ) နိုင်နိုင်ထွန်းသည် လူငယ်များကို PDF ဟုဆိုကာ ငွေညှစ်ခြင်း၊ ပြည်သူများကို ဒုက္ခပေးခြင်းကြောင့် ရှင်းလင်းခြင်းဖြစ်ပြီး အခြားသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်လည်း စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမပြုရန် ထပ်မံ သတိပေးသည်။

“စစ်ကောင်စီ နဲ့မပူးပေါင်းဖို့ သန်ခေါင်းစရင်း လိုက်မကောက်ကြဖို့ သတိပေးစာထုတ်ပြန်ပြီးသားပါ။ ဒါကို ဂရုမစိုက်ဘဲ စစ်တပ်အလိုကျ အလိုကျ မြို့ပေါ်မှာ လူငယ်တွေကို PDF ပါဆိုပြီ ဖမ်းခိုင်းတယ်။ PDF ထောက်ပို့ ဆိုပြီ လူငယ်တွေ ကို ဖမ်းတယ်။ ငွေညစ်တယ်။ စစ်ကောင်စီ နဲ့ ပေါင်းပြီး တမြို့လုံး က လူငယ်တွေကို ဒုက္ခ ပေးနေတဲ့ အတွက် ပုဂံငဆော်ကို ရှင်းလင်းလိုက်ရခြင်း ဖြစ်ပါတယ်” ဟု ပုဂံပြည်ဘီလူးတပ်တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

လာမည့်သီတင်းကျွတ်ကာလတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာမှုများ ရှောင်ကြည်ကြရန် မလိုက်နာပါက အပန်းဖြေထွက်လာသူများ၏ အပြစ်သာဖြစ်ကြောင်း၊ တစ်တိုင်းပြည်လုံး ဒုက္ခဆင်းရဲရောက်နေချိန်တွင် မစ်ရှင်များ လုပ်ဆောင်ရမည်ဖြစ်၍ ပျော်ပါးနေသူများကို သတိပေးလိုကြောင်း ပုဂံပြည်ဘီလူးတပ် တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

“ပုဂံ ဆိုတာ ရေပေါ်ဆီ တွေ အပန်းဖြေတဲ့နေရာ မဟုတ်ပါဘူး/ တစ်တိုင်းပြည်လုံးဒုက္ခ ဆင်းရဲ ရောက်နေတဲ့ အချိန်မှာ ပုဂံ မှာ လာပြီ ပျော်ပါးနေကြတာမြင်လိုတောင် မကောင်းပါဘူး။ သီတင်းကျွတ် ကာလ အတွင်း ပုဂံမှာ လာပြီအပန်းဖြေ အပျော်ခရီး လာတဲ့ လူတွေ အနေနဲ့စစ်ကောင်စီ ယာဥ်တန်းများ နှင့် အဝေးဆုံးနေပေးကြပါ။ ဒလန်တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မနေကြ၊ မစားသောက်ကြပါနဲ့။ သတိပေးပါတယ်။ မလိုက်နာရင် လူကြီးမင်းတို့ အပြစ်သာဖြစ်ပါလိမ့်မယ်” ဟု ပုဂံပြည်ဘီလူးတပ် တာဝန်ရှိသူက တရားဝင် အသိပေးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article