26 C
Yangon

မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေ၊ လေထီးမပွင့်၍ သေဆုံးသူများလည်းရှိ

Must read

မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေ၊ လေထီးမပွင့်၍ သေဆုံးသူများလည်းရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးရှိ၏ ကုန်သွယ်ရေးဇုန်အတွင်းကို အကြမ်းဖက် စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေပြီး လေထီးမပွင့်၍ သေဆုံးသူများလည်းရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ ယခုအချိန်အထိ အကြမ်းဖက် စစ်သားများ မြဝတီမြို့ အနီးရှိ၏ ကုန်သွယ်ရေးဇုန်အတွင်းကို လေထီးဖြင့် ၅ မိနစ်တစ်ခါ ခုန်ဆင်းနေပြီး လေထီးမပွင့်၍ အကြမ်းဖက်စစ်သားများ သေဆုံးမှုရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသပြည်သူများထံမှ သိရသည်။

“YH အမျိုးအစား လေယာဉ်ကနေ အကြမ်းဖက် ခွေးတွေ လေထီးနဲ့ ဆင်းတယ်။ မြဝတီ မြို့သူမြို့သားတွေ ထိတ်လန့်နေကြတယ်။ ခွေးတွေ တစ်ခါ ခုန်ရင် ၄ ကောင်ပါတယ်။ ကုန်သွယ်ရေး ဇုန်ဘက်လို့ ထင်ပါတယ်။ တစ်နေကုန် ဆိုတော့ ဘယ်လောက်ထိ လေထီး မပွင့်လည်း မသိဘူး ၆ ယောက် တော့ မျက်မြင် ။ လေထီးမပွင့်ဘူး။ ထိုင်ကြည့်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်သားများသည် ၉ ကြိမ်မြောက်အထိ လေထီးခုန်ပြီး ဖြစ်ကြောင်း၊ ၅ မိနစ်တစ်ခါ လူချနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများ လေထီးနှင့် မခုန်ဆင်းမီက ဂျက်ဖိုက်တာ ၂ စီးဖြင့် မြဝတီ – အာရှလမ်းမကြီး ဒေါနတောင်ပေါ်ကို ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေထီးခုန် လေ့ကျင့်ရေးတစ်ခု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article