26 C
Yangon

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦး လုံလောက်သော ဆေးကုသခွင့် မရရှိဘဲ လေဖြတ်ရောဂါဖြင့် သေဆုံး

Must read

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦး လုံလောက်သော ဆေးကုသခွင့် မရရှိဘဲ လေဖြတ်ရောဂါဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ဆေးဝါးကုသမှု လုံလောက်စွာမရရှိဘဲ လေဖြတ်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ထားဝယ်အကျဉ်းထောင်တွင် လေဖြတ်ရောဂါှနင့်သေဆုံးခဲ့ရသည့် အသက် ၆၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်း သား ဦးရဲအောင် ခေါ် ကိုချင်းသည် လုံလောက်သည့် ဆေးဝါးကုသမှု မရရှိခဲ့ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ ထောင်အာဏာပိုင်များက စက်တင်ဘာလ ၂၇ ရက်နေ့တွင်မှ ထောင်အာဏာပိုင်များက ထားဝယ်ဆေးရုံကြီးသို့ ပြီးစလွယ် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဆေးဝါးကုသမှုတော့ ရတယ်ခင်ဗျ။ ဒါပေမဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတော့ မရပါဘူးခင်ဗျ။ ဆေးခန်းမှာလည်း ဆေးဝါးက လုံလုံလောက်လောက် မရှိဘူး။ ထောင်တွင်းမှာ အရေးပေါ် မကုသပေးနိုင်ဘူး။ အဲဒါကြောင့် ဆေးရုံတင်မယ်ဆိုရင် ထောင်အာဏာပိုင်တွေကို အဆင့်ဆင့်တင်ပြရတယ်။ ဒါက အချိန်ကြန့်ကြာတယ်။ အခု ဦးရဲအောင်သေဆုံးမှုအခြေအနေ အသေးစိတ်ကိုမသိရသေးပေမဲ့ကျန်းမာရေးစောင့်ရှောက်မှုကောင်း ကောင်းမရတာနဲ့ ဆက်စပ်နေတာတော့ အမှန်ပါပဲ”ဟု ထားဝယ်ခရိုင်နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သည့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ဦးရဲအောင် (ခ) ကိုချင်းသည် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာမှ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ‌ဒေ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၂ က များဖြင့် မတရားထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခံထားရသူဖြစ်သည်။

ဓာတ်ပုံ- ထားဝယ်အကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- တနင်္သာရီတိုင်းမ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article