26 C
Yangon

ရေတာရှည်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရေတာရှည်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို သန်းခေါင်စာရင်း ကောက်ယူရန် စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်သားများကို ညောင်ကိုင်းရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” ဒီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ ကျန်တော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ သန်း ခေါင်စာရင်း ကောက်ဖို့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ခွေး စစ်ကြောင်းက ထိုးလာတာ ညောင်ကိုင်းကျေးရွာနားမှာပဲ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ခွေး ၄ ကောင်သေတယ်” ဟု ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေတာရှည် မြို့နယ် ပကဖ အဖွဲ့နှင့် အလယ်ထူး ၉၉၁၈ အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article