30 C
Yangon

လယ်ဒို၊ ဆောထိနှင့် တောင်ငူရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၈ လုံး နှင့် စာသင် ကျောင်း ၁ ကျောင်းပျက်စီး

Must read

လယ်ဒို၊ ဆောထိနှင့် တောင်ငူရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၈ လုံး နှင့် စာသင် ကျောင်း ၁ ကျောင်းပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ် နှင့် ဆောထိမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင် ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန်ံ့တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ကျောက်တံခါး မှနေပြီး ဖျံတလင်း ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ စောတကော်ဖော၏ နေအိမ် ၁ လုံး နှင့် စောမက်စီးထွန်း၏ ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး ည ၉ နာရီ ၁၈ မိနစ်ခန့်တွင် ထပ်မံ ဗုံးကျဲခဲ့ရပြီး သမင်အင်းကုန်း ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁ဝနာရီ ၁၀ မိနစ်ခန့်တွင် ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၅၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် ခဲ့ရာ သံဆိမ်ရွာမအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ကိုသူရိန်စိုး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ သံဆိပ်ရွာမ အတွင်းထပ်မံ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ဦးမောင်နိုင်၏ နေအိမ် ၁ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိခန့်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ ဒေါ့ဖားခို မြို့နယ် သံတောင်ကြီးမြို့တွင် ဘုရင့်‌နောင်တပ်မြို့ရှိ အကြမ်းဖက် စစ်တပ်က သံတောင်ကြီးမြို့တွင်းကို ၁၂၀ မမ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ မြို့အတွင်း ၆ လုံးကျရောက်ခဲ့ပြီး မြို့အပြင်၌ ၆ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခြင်းကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် ၂ ရှိ အဖီးဂျက်ဆင်မိုနှင့် ဆရာမ စောစောတို့၏ နေအိမ် ၄ လုံး နှင့် ရပ်ကွက် ၃ ရှိ မောင်လင်းဘနှင့် နော်ဘေးဘ တို့၏ နေအိမ် ၂ လုံး စုစုပေါင်း ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ရက်ကွက် ၂ နေ အသက် ၁၃ နှစ်အရွယ် စောအာင်နိုင်ထူး နှင့် ဆရာမ စောစော တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ အရပ်သား ပြည်သူ လူထုများ နေထိုင်ရာ နေရာများအတွင်းသို့ ပစ်ခတ်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံစွာဖြင့် နေထိုင်နေရပြီး လေကြောင်းတိုက်ခိုက်မှုပါ ထပ်မံပြုလုပ်ခံရမည်ကို ဒေသခံ များအနေဖြင့် စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း KNU ဗဟိုကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article