33 C
Yangon

ထီးလင်းမြို့နယ်၊ ကျားခဲရွာနေပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို ဒရုန်း၊ မိုင်းများ ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးထက်မနည်းသေဆုံး

Must read

ထီးလင်းမြို့နယ်၊ ကျားခဲရွာနေပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို ဒရုန်း၊ မိုင်းများ ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျာခဲကျေးရါာနေ ပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကြောင်း အား ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ယောအလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၇ နာရီခန့်က ထီးလင်းမြို့၊ ရွှေထီးခန်းမမှ အင်အား ၈၀ ခန့် ဖြင့်ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြိုတင်သတင်းအရ ဒရုန်း၊ တိုက်မိုင်း၊ နင်းမိုင်းများဖြင့် ၎င်းတို့လာရာလမ်းများမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ကျားခဲကျေးရွာသို့ ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ အမျိုးသား ၄ ဦး ကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ဓားစာပြည်သူ အမျိုးသား ၃ ဦးနှင့်အတူ သရခါရွာဘက်မှ တဆင့် ထီးလင်းမြို့ပေါ်သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ပြန်ဝင်သွား ကြောင်း သိရသည်။

“ဒီနေ့မနက်ဝင်လာတော့ ထမ်းစင် ၄ စင်နဲ့ ဝင်လာတာ။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က အ လောင်း ၂ လောင်းကို ထီးလင်းသင်္ချိုင်းမှာ သင်္ဂြိုလ်တယ်လို့ သိရတယ်။ ဘယ်နှစ်ယောက် သေတယ်၊ ဘယ်နှစ်ယောက်ဒဏ်ရာရတယ်လို့တော့ အတိအကျ မသိရသေးဘူး။ အဓိကတော့ တော်လှန် ရေး တပ်ဖွဲ့တွေက စစ်ကြောင်းကြိုထွက်မှာ သတင်းရလို့ တိုက်မိုင်း၊ နင်းမိုင်းတွေထောင်ထားပြီး ဒရုန်း တွေနဲ့ တိုက်ခိုက်ခဲ့လို့ သေတဲ့ စခတွေပါ၊” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်များ ဝင်ရောက်စီးနင်းခဲ့သော ကျာခဲကျေးရွာနေပြည်သူများမှာ ထွက်ပြေး တိမ်း ရှောင်နေရပြီး စစ်သားများ၏ ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ပြည် သူ ၇ ဦးထက်မနည်းလည်းပျောက်ဆုံးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article