24 C
Yangon

သရက်ချောင်းနှင့် လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး

Must read

သရက်ချောင်းနှင့် လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် သန်းခေါင်စာရင်း ကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကြောင်း ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၉ ရက်နေ့တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ရန်တောင်ရွာ ၊ သင်းကျွန်းရွာနှင့် လောင်းလုံးမြို့နယ်အတွင်းရှိ ညင်းမော်ရွာတို့တွင် သန်ခေါင်းစာရင်း လိုက်လံကောက်ယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘုန်းကြီးကျောင်း၊ ဘုရားစေတီ နှင့် ပြည်သူများ၏ နေအိမ်များတွင် နေရာယူတပ်ဖြန့်၍ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Sky Ghost Drone Force (SGDF) ၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပြည် သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article