33 C
Yangon

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

Must read

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေါ်လာကြောင်း လေတပ်အနီးနေထိုင်သူ ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြော ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သံများကြားရပြီး ပေါက်ကွဲသံ ၂ ကြိမ်ခန့်မှာ အလွန်ကျယ်လောင်ကြောင်း၊ ထပ်မံ၍ အနည်းငယ်သာ ကြားရသော ပေါက်ကွဲသံ တချို့ကိုလည်း ဆက်လက် ကြားရကြောင်း မှော်ဘီလေတပ်အနီးရှိ တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတချို့က ပြောဆိုကြသည်။

“ပေါက်ကွဲသံတွေကြားရတာ။ အဲဒါ လေတပ်ထဲက မိတ်ဆွေကို လှမ်းမေးတော့ ရှော့တိုက်ဒုံးနဲ့လာပစ်တာလို့ပြောတယ်။ ဘာတွေ ထိလဲမေးတော့ မသိသေးဘူးဆိုပြီးပြောတယ်။ ဒီမနက်အထိတော့ အဆက်အသွယ်မရသေးဘူး။ အရင် ပေါက်ကွဲသံအကျယ်ကြီး ၂ ချက်။ နောက်ပေါက်ကွဲသံ ခပ်သေးသေး ၁ ချက် ကြားရတယ်” ဟု တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း မှော်ဘီလေ တပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အတည် ပြုပြောဆိုကြသည်။

အလားတူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံး၌ စောင့်နေသော အကြမ်းဖက်စစ် ကောင် စီတပ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခန့်အချိန် မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံးတွင် အစောင့် ချထားသော အကြမ်းဖက်စစ်တပ်ကို ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ ထိရောက်စွာပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“မိုင်းခွဲပြီးတော့ EP ရုံးနားမှာ ရဲခွေး၊ စစ်ခွေးတွေ အများကြီးရောက်နေတယ်။ လက်ရှိတော့ ခွေးတွေ ပြုံနေပြီ။ ခွဲပြီးမကြာဘူး စစ်ခွေးတွေထွက်လာပြီး မိုက်မိုက်ရိုင်းရိုင်းဆဲဆိုနေတာကြားခဲ့ရတယ်။ ပေါက်ကွဲမှုကလည်း အတော်ပြင်းတယ်။ မရမ်းကုန်းဘက်က အထိပါတယ်ကြားရတယ်လို့ သိရပါ တယ်” ဟု မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး မြောက်ဥက္ကလာပမြို့နယ် (ပကဖ)နှင့် ပူးပေါင်း မဟာ မိတ် Yangon UG People Army တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လေတပ်စခန်းမှ တိုက်လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article