Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရန်ကုန်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို ဒီကနေ့အစောပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ် လာတယ်လို့ လေဆိပ်အနီးမှာ နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က တချို့ကလည်း ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောထားပါတယ်။
-ရခိုင်ပြည်နယ် ၊ အမ်းမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ ခမရ ၃၇၁ နဲ့ ခမရ ၃၇၃က စစ်သား ၄ ဦးကို တော် တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ CDF – Asho တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုချင်း က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မစစ်မှုထမ်းခိုင်းတာတွေ ၊အလုပ်သမား၊ အလုပ်ရှင် နဲ့ လူ့အခွင့်အရေး ချိုးဖောက် နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ILO ရဲ့ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူဖို့အတွက် အတည်ပြုဖို့ ရှိနေပြီဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။