24 C
Yangon

ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား

Must read

ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ တပ်ရင်းများ၊ ကာကင်းစခန်းများ၊ ဗျူဟာကုန်းများ၊ သင်တန်းကျောင်း အများအပြား သိမ်းပိုက်ခံထားရကြောင်း၊ လက်နက်ချ အလင်းဝင်သူများလည်းရှိနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA ၏ လက်ထဲသို့ ကျရောက်မည့်အခြေအနေ ဖြစ်ပေါ်လာချိန်တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းက မည်သည့်အကြောင်းနှင့်မျှ၊ မည်သည့်နည်းနှင့်မှ နပခကို စွန့်ခွာခြင်းမပြုကြရန်၊ လုံး၀ လက်လွှတ်မခံကြရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“လိုအပ်တဲ့စစ်ကူ၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ ရတဲ့နည်းနဲ့ ပေးပို့ဖို့၊ နပခဌာနချုပ်ကို လုံး၀(လုံး၀) အကျခံဖို့ မဖြစ်နိုင်ဘူး။ လက်လွှတ်မခံဖို့နဲ့ ဆုတ်ခွာခြင်းမပြုဖို့ ဒုတပ်ချုပ်က ညွှန်ကြားချက်ပေးပါတယ်။ နပခနဲ့သက်ဆိုင်တဲ့ ကစထမှူး ၃ ၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး စစ်တိုင်းဗျူဟာမှူးတွေ၊ လုံနယ်ဝန်ကြီးတွေပါ လမ်းညွှန်မှု ခံယူရပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယခုနှစ်ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ပြီးနောက်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှာ ဒုတိယမြောက် တိုက်ခိုက်ခံရသော စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကာ ဆုံးရှုံးလက်လွှတ်ရမည့် အခြေအနေများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရှိရသည်။

AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိကြီးများ ထိခိုက်ဒဏ်ရာရရှိမှုများ၊ စစ်အရာရှိများ သေဆုံးမှုများ မြင့်တက်လာနေသည့်အပြင် စစ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးမှာ စစ်တွေတွင်ပင် အထိုင်ချ၍ ခုခံရေးနှင့် စစ်ကူများ စေလွှတ်နိုင်ရေးအတွက် အချိန်ပြည့် ကွပ်ကဲနေကြောင်း သိရှိရသည်။

“စစ်ကူတွေတော့ ရသလို အားဖြည့်နေပေမယ့် မြေပြင်စစ်ကြောင်းက အင်အားဖြည့်ဖို့ ခက်ခဲနေတယ်။ ဒီအတွက်လည်း လေကြောင်းပစ်ကူကို အဓိကထားပြီး လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ချပေးနေပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် အမ်းစစ်မြေပြင်သို့ စစ်မှုထမ်းတပ်သားသစ်များနှင့် တိုက်ခိုက်ရေးတပ်များ အင်အားဖြည့် တင်းနိုင်ရေးအတွက် စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article