25 C
Yangon

UK ရောက်မြန်မာတိုင်းရင်းသားများ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ

Must read

UK ရောက်မြန်မာတိုင်းရင်းသားများ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ

ရန်ကုန်၊နိုဝင်ဘာ ၁၀

ယူကေရောက် မြန်မာတိုင်းရင်းသားများက လန်ဒန်မြို့ရှိ တရုတ်သံရုံး နှင့် မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့ ရှေ့၌ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် နိုဝင်ဘာလ ၉ ရက်နေ့က သွားရောက်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြ မြန်မာတိုင်းရင်းသားများက ပြောသည်။

တရုတ်အစိုးရက စစ်ကောင်စီကပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်း၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဖိအားပေး အပစ်ရပ်ခိုင်းနေခြင်း နှင့် အထူးသဖြင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား ကူမင်းမြို့သို့ဖိတ်ခေါ်ပြီး တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းများသည် မြန်မာပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြု ဆန့်ကျင်နေသဖြင့် ချက်ချင်း ရပ်တန့်ပေးရန်ရန်နှင့် တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင် းရေးကို ဝင်မစွက်ဖက်ရေး အပါအဝင် မြန်မာပြည်၏ အနာဂတ်ကို မြန်မာပြည်သူတို့ ကိုယ်တိုင်သာလျှင်ဆုံးဖြတ်ခွင့် ရှိကြောင်းလည်း ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် ပြည်သူ့ဆန္ဒဖြစ်သော နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားပြန်လွှတ်ပေးရန်စစ်ကောင်စီကို ဖိအားပေးခြင်း၊ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုရန်၊ ပြည်သူကို ရက်စက်စွာ သတ်ဖြတ်နေသော စစ်ကောင်စီအား လက်နက်နှင့် လေယာဉ်ဆီရောင်းချခြင်းများ မပြုလုပ်ရန်၊ ပြည်သူ့အစိုးရ NUG နှင့် ERO များနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်တောင်းဆိုချက်များပါဝင်သော အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း စုပေါင်းလက်မှတ်ထိုး၍ ပေးပို့ခဲ့ကြကြောင်း ဆန္ဒပြ မြန်မာတိုင်းရင်းသားများက ပြောသည်။

ယင်း အိတ်ဖွင့်ပေးစာတွင် ယူကေရောက်မြန်မာများအနေဖြင့် ပြည်တွင်းမှ ညီအစ်ကိုမောင်နှမများ၏ ဆန္ဒသဘောထားကို ထင်ဟပ်၍ ကိုယ်စားလာရောက်တောင်းဆိုပေးခြင်း ဖြစ်ကြောင်းလည်း ရေးသားထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article