25 C
Yangon

လွိုင်ကော်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

လွိုင်ကော်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လွိုင်ကော်မြို့ဘက်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဒေါစဲရွာနှင့် ရေကန်ရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ကြောင့် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများ လှုပ်ရှားမှုရှိနေသည့် အတွက် စစ်ဘေးရှောင် ပြည်သူများ အထူးဂရုစိုက် နေထိုင်ကြရန်နှင့် လက်နက်ကြီး၊ လေကြောင်း အန္တရာယ်များကိုလည်း ကြိုတင်ကာကွယ်မှု ပြုလုပ်ထားကြရန် ဒေသတွင်း အဖွဲ့အစည်းများက သတိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article