Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံဖို့နဲ့ လုံး၀မဆုတ်ခွာဖို့ အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးညွှန်ကြားထားတယ်လို့ နေပြည်တော်စစ်ဘက်သတင်း ရင်းမြစ်က ပြောပါတယ်။
တောင်ကိုရီးယားမှာ သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို အမျိုးသားညီညွတ် ရေးအစိုးရ- NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီမြန်မာသံရုံးက နိုင်ငံကူး လက်မှတ်ဖျက်သိမ်းမှုနဲ့ နာမည်ပျက်စာရင်းသွင်းခံရမယ်လို့ ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်နေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးကာ လေကြောင်းကနေ အပြင်းအထန်ဗုံးကျဲခုခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။