25 C
Yangon

ထီးလင်းမြို့၊ ရွှေထီးခန်းမ တာဝန်ကျနေသော တပ်ကြပ်ကြီး ၁ ဦး မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်

Must read

ထီးလင်းမြို့၊ ရွှေထီးခန်းမ တာဝန်ကျနေသော တပ်ကြပ်ကြီး ၁ ဦး မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး ၁ ဦးကိုယ့်ကိုကိုယ်သေနတ်ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သွားကြောင်း ယောအလင်းတန်း မှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တာဝန်ကျနေသော အသက် ၄၀ ကျော်အရွယ် တပ်ကြပ်ကြီးတစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော်လည်း နှုတ်ထွက်ခွင့်မရခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် အတွင်း မတရားဖိနှိပ်ခံရခြင်းတို့ကြောင့် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံး စီရင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူက အရက်နဲနဲသောက်တယ်။ မနေ့ညကလည်း နည်းနည်းသောက်ထားတယ်လို့ သိရတယ်။ သူက စစ်တပ်ကနေ ထွက်ချင်နေတာကြာပြီ။ ထွက်ခွင့်မပေးလို့ စိတ်ညစ်နေတာ၊ အဲဒါကြောင့် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာပါ။ တစ်ချက်နဲ့ပဲ အပြီးစီရင်သွားပါတယ်” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆုံးစီရင်သူ တပ်ကြပ်ကြီးသည် ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်မှ ပြောင်းရွှေ့လာသူဖြစ် ကြောင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားအတော်တော်များများသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် လက်နက်၊ ခဲ ယမ်းများယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တို့ထံ ခိုလှုံဝင်ရောက်သူများလည်းရှိကြောင်း သိရ သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article