မိုးကုတ်မြို့ရှိ အထက်လယ်ဦးနှင့် မြို့ဦးလွင် ရပ်ကွက်တို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အထက်လယ်ဦးနှင့် မြို့ဦးလွင် ရပ်ကွက်တို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦး ရပ်ကွက်နှင့် အနောက်ပိုင်း မြို့ဦးလွင် အနီးတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ အရှေ့ပိုင်းမှ ပြည်သူ ၄ ဦး နှင့် အနောက်ပိုင်းမှ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ တွင် တအာင်းတပ်မတော် TNLA က ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။