26 C
Yangon

မင်းဘူးနှင့် မြင်းမူ မြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

မင်းဘူးနှင့် မြင်းမူ မြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော် ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများ အားလုံး စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ဘုရားအနီး ဘုရားရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်သားများသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုး ထုတ်ခြင်း ၊ မျိုးတုန်းပျောက် ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်း၊ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း ပြည်သူလူထုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ တိုင်ကြားလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း၊ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ) နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကား ၁ စီးနှင့် မိုင်းရှင်း စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၅၈ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဒို့မြန်မာဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် မိုင်းရှင်းရန် ထွက်လာစဉ် အလ္လကပ္ပကျေးရွာအရှေ့ရှိ ကုက္ကိုလ်တန်းအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့မှ မြောင်လမ်းခွဲဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကား ၁ စီးကိုလည်း အလ္လကပ္ပကျေးရွာအနောက် ဘက်အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခြေလျင်ရော၊ ကားတစ်စီးရော ၂ ပွိုင့်ဆွဲခဲ့တာပါ၊ အလ္လကပ္ပရွာရဲ့ အရှေ့ဘက်တစ်ပွိုင့်နဲ့အနောက် ဘက်တစ်ပွိုင့်ပါ။ ဗိုလ်သေတာက ကားမိုင်းဆွဲတဲ့အချိန်သေတာ၊ ညက ထပ်သတင်းရတာ ဆေးရုံမှာ ၂ ဦး ထပ်သေတယ်၊ ဒဏ်ရာရတာ ၅ ဦးရှိတယ်၊ မြင်းမူဆေးရုံမှာသေတာပါ။ စုစုပေါင်း ၃ ဦးသေတာ၊ ဗိုလ်ကိုတော့ မနေ့ကပဲ မြင်းမူမြို့မှာ နာရေးအခမ်းအနားလုပ်တယ်လို့ သိရပါတယ်” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ခွဲ၊ ဇာမဏီ တပ်ဖွဲ့ နှင့် ဒေါင်းဘုရင်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article