24 C
Yangon

ကျိုက်လတ်မြို့အနီးကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်ပြီး ရန်ကုန် တစ်မြို့လုံး သိသာစွာ ခံစားရကာ အထပ်မြင့်တိုက်တာများ ယိမ်းထိုးလှုပ်ရမ်းသွားခဲ့

Must read

ကျိုက်လတ်မြို့အနီးကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်ပြီး ရန်ကုန် တစ်မြို့လုံး သိသာစွာ ခံစားရကာ အထပ်မြင့်တိုက်တာများ ယိမ်းထိုးလှုပ်ရမ်းသွားခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ဧရာ၀တီတိုင်း ကျိုက်လတ်မြို့ကို ဗဟိုပြု၍ ပြင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျှင် လှုပ်ခတ်သွားပြီး ရန်ကုန်တစ်မြို့လုံး သိသာစွာ ခံစားရကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်နှင့် မိုးလေဝသ၊ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်အချိန်တွင် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျှင်ကြောင့် ရန်ကုန်တစ်မြို့လုံးတွင် သိသိသာသာ ခံစားရပြီး အထပ်မြင့်တိုက်တာများ ယိမ်းထိုးသွားခဲ့ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

“ငလျှင်က နှစ်ကြိမ်လှုပ်တာ။ ညနေ ၅ နာရီ ၃၈ မိနစ်လောက်မှာ တစ်ကြိမ်။ သိပ်မပြင်းဘူး။ ညနေ ၅ နာရီ ၅၀ မှာ နောက်တစ်ကြိမ်က တော်တော်လေးပြင်းတယ်။ အချိန်လည်း ကြာတယ်။ တိုက်တွေဆို လှုပ်နေတာ” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article