24 C
Yangon

ပခုက္ကူနှင့် ထီးလင်းတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ပခုက္ကူနှင့် ထီးလင်းတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ညောင်ဂျစ်ပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားမျာ ထိခိုက်သေဆုံးမှုရှိကြောင်း အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းရှိ ညောင်ဂျစ်ပင် ‌ပျူစောထီးရွာ ညောင်ဂျစ်ပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီးရွာအတွင်းကို ရော့ကတ်များ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေရှိတဲ့ အနီးအနားကို ရော့ကတ်တွေ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်းအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Yaw RRevolution Army – ထီးလင်း တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အင်အား ၉၀ ခန့်ဖြင့် ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျားခဲကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ခန့်ကျဲချပြီး မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည့် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း အထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲက နားနားပြီးဖြစ်ကြတာ ဒီနေ့မနက်အထိပဲ စစ်ခွေးစစ်ကြောင်းပြန်ဆုတ်သွားမှ ရပ်သွားတာ ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ အတည်ပြုမရသေးတာပါ။ အထက်အမိန့်တစ်ခုခုကြောင့် ထွက် လာတာလို့တော့ယူဆရတယ်။ ရိက္ခာရှာထွက်တာမျိုးတော့ မဟုတ်ဘူး။ မနေ့က လေကြောင်းပစ်ကူ ပါရောက်လာပါတယ်” ဟု Yaw RRevolution Army – ထီးလင်း တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် Mi-35 ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်တပ်က မိနစ် ၃၀ ခန့် ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ယနေ့ နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ထီးလင်း မြို့တွင်းသို့ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ – YRA ထီးလင်း ရဲ ဘော်များ Fixed Wing Drone များလည်းကောင်း၊ ယောတပ်တော် (YA) မြေပြင်စစ်ကြောင်းနှင့် YRA ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article