30 C
Yangon

ရေဦးမြို့ပေါ် ထွအုပ်ရုံးတွင် ပျူစောထီး သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ရေဦးမြို့ပေါ် ထွအုပ်ရုံးတွင် ပျူစောထီး သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် ထွအုပ်ရုံးတွင် ပျူစောထီး သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့ပေါ် ထွေအုပ်ရုံးအတွင်း ပျူစောထီး သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း နယ်ထိန်း ရဲ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်း၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့ပြီး ရေဦးမြို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

” အဲတိုက်ခိုက်မှုက စစ်ခွေးတွေဘက်က ၄ ကောင်သေပြီး ၈ ကောင် ဒဏ်ရာ အပြင်းအထန်ရပါတယ်။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) နှင့် ရေဦးမြိုနယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတွင် မဆုတ်မရွံသော ခွန်အားဖြင့် ကြိုးစားနေပြီး ပြည်သူများကို အသိပေး၍ အင်အားတစ်ခု ဖြစ်စေရန်အတွက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရေဦး PDF က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article