30 C
Yangon

ဖာပွန်မြို့နယ်၊ မထောစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

Must read

ဖာပွန်မြို့နယ်၊ မထောစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဖာပွန်မြို့အထွက် မထောစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ ရက်နေ့က တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ နယ်မြေ ဖာပွန်မြို့အထွက် မထောရွာ အနီးတပ်စွဲထားသော စစ်ကောင်စီစစ် ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် KNLA ပူးပေါင်း တပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်လည်း ယင်းအကြမ်းဖက် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ထပ်မံ တိုက်ခိုက်ခဲ့ရာ ၈ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၁၉ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်က စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်ချနေရာများကို သွားရောက်တိုက်ခိုက်ခဲ့ရာ ၄ ကြိမ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ၂ ကြိမ်၊ နိုဝင် ဘာ ၂၁ ရက်နေ့တွင် ၁ ကြိမ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဖာပွန်ခရိုင် မထောရွာတပ်စခန်းအား သိမ်း ပိုက်ခဲ့ခြင်း အပါအဝင် ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထိခိုက်သေဆုံးမှုအရေအတွက်ကိုမူ အ တည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်မှု ကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

မထောအခြေစိုက် တပ်စခန်းတွင် စကခ ၈ လက် အောက် ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များ စုပေါင်းထားကြောင်း ၊ စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိသွားကာ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အရေအတွက်ကို ဆက်လက် သတင်းထုတ်ပြန်မည်ဟု KNU တပ်မဟာ ၅ က ဆိုသည်။

တောင်ပိုင်းစစ်ဒေသသည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားသည်အထိ အမြဲမပြတ် ထိုး စစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – မထောရွာစခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သော ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article