30 C
Yangon

ဝက်လက်မြို့ ရဲစခန်း၊ စစ်တပ်ဂိတ်နှင့် ယင်းမာပင်မြို့ပေါ်ရှိ စုပေါင်းရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ဝက်လက်မြို့ ရဲစခန်း၊ စစ်တပ်ဂိတ်နှင့် ယင်းမာပင်မြို့ပေါ်ရှိ စုပေါင်းရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရဲစခန်းနှင့် စစ်တပ်ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့ ရဲစခန်း နှင့် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးနှင့် ၈၁ မမ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စခန်းထဲကခွေးတွေတော့ ထိခိုက်မှုရှိနိုင်တယ်။ လက်နက်ငယ် တော်တော်လေးပြန်ပစ်တယ်။ စစ်ခွေးသေဆုံးမှု စာရင်းတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ် မြို့နယ် ပကဖ ဒရုန်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း National People Defence Force-Yinmarbin-NPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထိသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး အထိအခိုက် အကျအဆုံး မသိရသေးဘူး။ ဗုံးသီး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့တာ” ဟု National People Defence Force-Yinmarbin-NPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် Drone တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇၊ National People Defence Force-Yinmarbin (NPDF) ၊ SBDF ၊ တောသားကြီး ၊ အာဠာဝက Local PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article