29 C
Yangon

မုံရွာမြို့နယ်တွင် ကြေးနီကားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီးပျက်စီးပြီး စစ်သား ၁ ဦးသေဆုံး

Must read

မုံရွာမြို့နယ်တွင် ကြေးနီကားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီးပျက်စီးပြီး စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကြေးနီကားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း BRAVE HEART ARMY -BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ကြေးနီ တင်ကား ၁၀ စီးနှင့် သံပြားကာ ၅ စီး ပါ ယာဉ်တန်းမှ ကြေးနီတင်ဆောင်ထားသော ၈ စီးမြောက်ကားကို တော်လှန်ရေး တပ်ဖွဲ့များက ပ‌ဒေသာမိုင်း ၅ လုံးဖြင့် တောပုပျူစောထီးကျေးရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း မိုင်းထိမှန်သောကားမှာ ထိုးရပ်သွားပြီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုင်းဆွဲ တိုက်ခိုက်ခံရသော နေရာအနီးရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကားပျက်စီးတာတော့ ရှိပါတယ်။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး” ဟု BRAVE HEART ARMY -BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY -BHA ရဲဘော်များက ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG ဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းစစ်သား ၁ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေး တပ်မတော် – Monywa The Boys အဖွဲ့က ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က မန္တလေးဘက်မှ မုံရွာဘက်သို့ လာသော အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းစစ်သား ၁ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးကာ ၎င်းနေရာမှာပင်ရပ်တန့် သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်-Monywa The Boys တပ်ရင်း ၄ ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ – 5/ Commando Force နှင့် DGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article