29 C
Yangon

ဂန့်ဂေါခရိုင် ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး ဗဟို ဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက်များ ထုတ်ပြန်ပြီး သေဒဏ်ထိချမှတ် နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက် အာဏာရှင်ဆန်သော လုပ်ရပ်ဟု ပြည်သူများ ဝေဖန်

Must read

ဂန့်ဂေါခရိုင် ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး ဗဟို ဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက်များ ထုတ်ပြန်ပြီး သေဒဏ်ထိချမှတ် နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက် အာဏာရှင်ဆန်သော လုပ်ရပ်ဟု ပြည်သူများ ဝေဖန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး ဗဟို ဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက်များ ထုတ်ပြန်ပြီး သေဒဏ်ထိ ချမှတ် နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက် အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ (ကျောတိုက်နယ်) က ဒေသန္တရ ဥပဒေမူကြမ်း ရေးဆွဲကာ တားမြစ်ထားသော တားမြစ်ချက်များကို ခွင့်ပြုချက်မဲ့ ကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သော တရားစီရင်ခြင်း ဖြင့် ဒေသန္တရ ဥပဒေအတိုင်း မည်သူ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားကြောင်း သိရသည်။

“ထုတ်ပြန်ချက်က ယေဘုယျ အရမ်းဆန်လွန်းတယ်။ ဥပဒေတစ်ခုကို ထုတ်ပြန်တဲ့ပုံမပေါက်ဘူး။ အရေး ယူတဲ့အခါ နည်းဥပဒေအရ အရေးယူမယ်လို့ပါတယ်။ ဒီနည်းဥပဒေဆိုတာကို သူတို့ ဘယ်လိုရေးဆွဲပြီး ဘယ်လိုထုတ်ပြန်ထားတယ်ဆိုတာ ကျနော်တို့မသိရဘူး။ ထုတ်ပြန်ချက်အတိုင်းဆို မျှစ်ချိုး၊ ဝါးခုတ်တာ လောက်တောင် အခပ်မသင့်ရင် သေဒဏ်ပေးလို့ရတဲ့ သဘောကြီးသက်ရောက်နေတယ်။ ပြီး တော့ အပိုဒ် ၂၂ မှာဆိုရင် သူတို့ကို ဘာမှ ဝေဖန်ခွင့်မရှိသလောက်ကြီးဖြစ်သွားတာ သူတို့နဲ့ပတ်သက်ပြီး တစ်ခုခု ထောက်ပြဝေဖန်ရမှာကို ပြည်သူတွေက လန့်နေကြပြီ ဒီစာအားလုံးကို အချုပ်အားဖြင့် သုံးသပ်ရရင် အာဏာရှင် ဆန်လွန်းတယ်။ ပြည်သူကိုမျက်နှာမူတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ ဒီလိုထုတ်ပြန်မှုကို အမြန်ဆုံး ရုပ်သိမ်းသင့်တယ်လို့မြင်တယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဒေသန္တရ တားမြစ်ချက်များတွင် အချက် ၂၃ ချက်ပါဝင်ပြီး ဂန့်ဂေါခရိုင်အမှတ် ၁၉ တပ်ရင်း အနေဖြင့်လည်း ယင်းထုတ်ပြန်ချက်အပေါ် လေးစားလိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး တားမြစ်ချက်ကို ကျူးလွန်သော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ထပ်ဆင့်ထုတ်ပြန်ထားသည်။

“ဒီထုတ်ပြန်ချက်သာ အတည်ဖြစ်သွားရင် ပြည်သူတွေအတော်ဒုက္ခရောက်မှာ။ ပြီးခဲ့တဲ့လထဲကပဲ ခေါင်းတင်မှာ ဖြစ်သွားတဲ့ကိစ္စတစ်ခုရှိတယ်။ စိတ်မနှံတဲ့သူတစ်ယောက်ကို သူ့သူငယ်ချင်းက ဝင် တားတာ၊ ဟိုကကြောင်နေတော့ ဓားနဲ့ထိုးလိုက်တာ၊ ဓားနဲ့ထိုးတာက ဒဏ်ရာသိပ်မပြင်းဘူး။ အဲဒီ ကြောင်နေတဲ့သူကို ပအဖတွေက ဖမ်းပြီးရိုက်နှက်ထားတာ၊ ခေါင်းကြေသွားပြီး လူက လူကောင်း ပြန်ဖြစ်ဖို့အထိ မလွယ်တော့ဘူး။ အာဏာရှင် မကြိုက်လို့ အာဏာရှင်တော်လှန်ရင်း အာဏာရှင် တွေဖြစ်ကုန်ကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article