29 C
Yangon

မြင်းမူတွင် စစ်တပ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကြို့ပင်ကောက်တွင် ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

Must read

မြင်းမူတွင် စစ်တပ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကြို့ပင်ကောက်တွင် ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာ နမခ ကို ထွက်လာသည့် စစ်ကား ၁၂ စီးပါ ယာဉ်တန်းကို Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ကန်ဖျားဇရပ်အနီးတွင် ၅ စီးမြောက်ကားကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ဒေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့ထဲကို ကင်းလှည့်ရန် ဆိုင်ကယ်ဆီထည့်နေသည့် ပျူစောထီး မောင်ဇော်ကို ကုန်းမြင့်ရွာ ပျူစောထီး ခေါင်းဆောင် နေဇာလင်းက ဆိုင်ကယ်ဖြင့် တိုက်သတ်သော်လည်း သေဆုံးခြင်းမရှိသောကြောင့် သံတုတ်ဖြင့် ရိုက်သတ်ခဲ့သောကြောင့် ပျူစောထီး မောင်ဇော်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး မောင်ဇော်သည် ပေါ်တာဆွဲဆုကြေး ဝေစုကို အချိုးကျ ခွဲဝေခြင်းမရှိဘဲ ပိုမိုယူသောကြောင့် ကုန်းမြင့်ရွာ ပျူစောထီး ခေါင်းဆောင် နေဇာလင်းက မကျေနပ်၍ သံတုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေဇာလင်းကိုလည်း အကြမ်းဖက် စစ်တပ်က လိုက်လံဖမ်းဆီးနေပြီး လက်ရှိချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။

“သေသွားတဲ့ မောင်ဇော်က ကြို့ပင်ကောက် PDF စခန်းကို စစ်ခွေးတွေ စီးနင်းရာမှာ ဦးဆောင် လမ်းပြခဲ့တဲ့သူပါ သတ်ဖြတ်ခံရတာကတော့ ပေါ်တာဆွဲဆုကြေး ခွဲယူရာမှာ အဝေမတည့်တာကနေစပြီး ရန်ဖြစ်ရင်း သတ်ခံရတာ သေသွားတဲ့ ပျူမောင်ဇော်ရော ကုန်းမြင့်ရွာ ပျူစောထီးခေါင်းဆောင် နေဇာလင်း ရောက ကြို့ပင်ကောက်မြို့ပေါ်မှာ ညတိုင်း ကင်းပတ်ပြီး လူငယ်တွေကို ပေါ်တာဆွဲနေတာ မောင်ဇော်က ကြို့ပင်ကောက် အနောက် ဘုရားကြီးလမ်းမှာနေတယ်။ နောက်ပြီး မောင်ဇော်က ကျစွာဘုရားမှာ PDF အဖွဲ့တွေ ယာယီစခန်းချနေတုန်းကလည်း စစ်ခွေးတွေကို သတင်းပေး လမ်းပြလုပ်ခဲ့သူပါ။ နေဇာလင်းကတော့ထွက်ပြေးလို့ လွတ်နေတယ်။ သူ့ပျူစောထီး အဖွဲ့က တစ်ကောင်ကိုတော့ စစ်တပ်ကဖမ်းထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ပျူစောထီး မောင်ဇော် ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မသာချပြီး ပျူစောထီး အများအပြား လာရောက် ပို့ဆောင်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တော်လှန်ရေး ရဲဘော်များ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article