21 C
Yangon

ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက အိုမရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက အိုမရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက အိုမရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများu အိုမရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အိုမရွာနှင့် ဝမ်ပေါင် ကုမ္ပဏီအနီးရှိ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်း ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်ခွေးတွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ ညနေပိုင်းမှာတော့ အိုမရွာက နေအိမ်တွေကို စစ်ခွေးတွေက မီးဝင်ရှို့တယ်။ လက်ရှိမှာတော့ ကျေးရွာ ၆ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article