25 C
Yangon

တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ

Must read

တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားကြောင်း AA စစ်ရေးသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည် တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဓိကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလံဖြူထောင် လက်နက်ချလို့ စကခ ၅ ကို အပြီးသတ်သိမ်းပိုက်နိုင်ပါပြီလို့ သိရပါတယ်။ နောက်တစ်ခုကတော့ AA ရဲ့ ထိုးစစ်က ဂွမြို့စောင့်တပ် ခမရ ၅၆၃ တပ်ကို စတိုက်နေပါပြီ” ဟု AA သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် AA ဘက်မှ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးသဖြင့် တောင်ကုတ်မြို့ စကခ ၅ သိမ်းပိုက်ရရှိမှု နှင့် ဂွမြို့စောင့်တပ်ကို တိုက်ခိုက်မှု သတင်းများအပေါ် AA ထံမှ တရားဝင် အတည်ပြုချက် ရရှိရန် ဆက်လက် ကြိုးပမ်းနေဆဲဖြစ်သည်။

တောင်ကုတ်မြို့ရှိ စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်များအားလုံးကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်က ဆိုသည်။

အာရက္ခတပ်တော် AA က ယခု ၂၀၂၄ နှစ်မကုန်မီ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်အားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြကြောင်း၊ AA က မောင်တောမြို့က နခခ ၅ တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ ထိုးစစ်ဆင်နေကာ အမ်းမြို့ကိုလည်း ထိန်းချုပ်သိမ်းပိုက်ထားကြောင်း AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် ဖော့ပုံးအဖြူကိုင်ဆောင်၍ စစ်ကောင်စီတပ်ဖွဲ့များက အလင်းဝင်လာကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article