ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာတစ်ရွာကို ကူညီထောက်ပံ့
ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာတစ်ရွာကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏မီးရှို့မှုကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စု ၁၉စုထံသို့ တစ်အိမ်ထောင်စုလျှင် ၁သိန်းကျပ်နှုန်း ကူညီထောက်ပံ့ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ မနေအိမ်များဆီသို့ ပြန်၍နေထိုင်လို့ မရသေးဘဲ ရှောင်တိမ်းနေရသောကြောင့် ကူညီမှုများလည်း လိုအပ်လျက်ရှိနေသေးကြောင်း သိရှိရသည်။