27 C
Yangon

ပခုက္ကူမြို့ အခြေစိုက် ခလရ ၂၅၂ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ပခုက္ကူမြို့ အခြေစိုက် ခလရ ၂၅၂ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၂ တပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကာတွန်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်တွင် ပခုက္ကူမြို့ အခြေစိုက် ခလရ ၂၅၂ တပ်ရင်းဂိတ်နှင့် တပ်ရင်းအတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ် ၁ ဦး နှင့် တပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်ရင်းဂိတ်ပေါက်မှာ ၂ ဦးပဲ ကင်းစောင့်နေတာရှိတယ်။ တပ်ကြပ် ၁ ကောင် ကတော့ မျက်မြင်ရှေ့မှာ တင် လဲကျသေတာတွေ့တယ်။ တိုက်ပွဲ ကြာချိန်က ၅ မိနစ်လောက်ပဲ ကြာခဲ့တာ တပ်စိပ်တစ်စိပ်က ၂၅၂ တပ်ထဲကို ၆၀ မမနဲ့ ပစ်ခတ်တာက ၁ ကောင်သေတယ်။ ဂိတ်ပေါက်ဝမှာ အပြန်အလှန်ပစ်ခတ်ရင်း ကျနော်တို့ဘက်ကလည်း ရဲဘော်တစ်ဦးကျပြီးတော့ တစ်ဦး ဒဏ်ရာရတယ်။ မြို့တွင်းမစ်ရှင်ဖြစ်တာရော ပြီးတော့ အထိုင်တပ်ရင်း ဖြစ်တာရောဆိုတော့အချိန်သိပ်မရခဲ့ဘူး။ တိုက်တဲ့တပ်ရင်းက စစ် ကူတော့ထွက်မလာဘူး။ ဒါပေမယ့် တခြားတပ်ရင်းတွေတပ်ကူတွေရော ပြီးတော့မြို့အနီးအနားမှာရှိ တဲ့ ပျူရွာတွေက တပ်ကူတွေရော ထွက်လာတာ” ဟု Burma Revolution Rangers တပ်ဖွဲ့တာ ဝန်ခံ ဗိုလ်ကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ တပ်စိပ် ၁ Burma Revolution Rangers တပ်ဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article