18 C
Yangon

ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများက ပြည်သူ ၁ ဦး ပစ်သတ်ပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများက ပြည်သူ ၁ ဦး ပစ်သတ်ပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများက ပြည်သူ ၁ ဦး ပစ်သတ်ပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စက်ဘီးစီးလာသည့် ချောင်းဦးမြို့ပေါ် ညောင်ပင်ရပ်ကွက်တွင် နေထိုင်သော အသက် ၄၀ ကျော် အရွယ် ကိုမင်းမင်း ဆိုသူကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်သတ်ခဲ့သည့် ကိုမင်းမင်း၏ ရုပ်အလောင်းကို မိသားစုဝင်များက ယနေ့ နံနက် ၁၁ နာရီခန့်တွင် လာရောက် ကောက်ယူသွားကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၉ နာရီခွဲ‌ခန့်က ချောင်းဦးမြို့ပေါ် ညောင်ပင်ရပ်ကွက်က အသက်အရွယ် ၄၀ ကျော် အရွယ် ကိုမင်းမင်း ဆိုသူကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့တာပါ။ စစ်ခွေးတွေက အကြောင်းမဲ့ ပစ်သတ်သွားတာ”ဟု BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ချောင်းဦးမြို့ မြောက်အထွက် ဘောလုံးကွင်းအနီးတွင် လူငယ် ၄ ဦး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မနေ့ကလည်း လူငယ် ၄ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ ဟန်နီရေခဲဆက် နားမှာပါ။ မလွတ်သေးပါဘူး။ ကင်းပုန်းချထားတဲ့ ခွေးကဖမ်းတာပါ။ ဖမ်းဆီးခံရသူ အားလုံးက လူငယ်တွေပဲ” ဟု BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article