30 C
Yangon

ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့ နယ်၊ သိမ်ကုန်းတာဝါတိုင် စစ်တပ်အထိုင်စခန်းမှ နတ္တလင်းမြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာလာသော အင်အား ၄၀ ဦးပါ စစ်ကြောင်းကို လှေကထောင်တဲတိုက်နားအရောက် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၂ က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က လက်နက်မျိုးစုံဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်လာရာ လက်နက်ခဲယမ်းချင်း အင်အားမမျှတ၍ ပြည်သူ့တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း၊ တပ်ခွဲ ၂ မှ ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်တပ်က သေဆုံးဒဏ်ရာရ စစ်သားအလောင်းများနှင့်စစ်သားများကို လှည်းပေါ်တင်၍ နတ္တလင်းမြို့နယ်ကွင်းကြယ်ရွာ စစ်တပ် အထိုင်စခန်းသို့သယ်ဆောင်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article