30 C
Yangon

ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး

Must read

ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင်စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင် တပ်စွဲနေ‌သော စစ်တပ်နှင့် က.ပ.စ ၁၀ မှလည်း စစ်ကူစစ်ကား ၄ စီး ထွက်လာကြောင်း၊ နှစ်ဖက်ညှပ်၍ စစ်ကူလာသဖြင့် နယ်မြေရှင်းလင်းရေး လက်နက်နှင့် အလောင်းများ သိမ်းဆည်းမှုများ မလုပ်နိုင်တော့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိကြော်း၊ အရှိုချင်းကာကွယ် ရေးတပ်(ACDF)မှ ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article