21.1 C
Yangon

ချောင်းဦးတွင် ဆက်ကြေးကောက်ရန် ပြည်သူပိုင်ကားများကို ချောဆွဲပြီး လိုက်ပါလာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ချောင်းဦးတွင် ဆက်ကြေးကောက်ရန် ပြည်သူပိုင်ကားများကို ချောဆွဲပြီး လိုက်ပါလာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဆက်ကြေးကောက်ရန် ပြည်သူပိုင်ကားများကို ချောဆွဲပြီး လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း Farmers Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ချောင်းဦးမြို့နှင့် ငါးယှန်ရွာ အကြားရှိ သံလွင်မြန်မာ ဆီဆိုင် အနီးတွင် ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ရန် ချောင်းဦးမြို့ မိုးကောင်းကျောင်းအတွင်းမှ ပြည်သူပိုင်ကားများကို ချောဆွဲ၍ လက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၃၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် တောပုပျူစောထီးရွာမှ ရဲ ၁ ဦးလည်း ပါဝင်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ကျန်ရှိသော စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခြင်းကြောင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

“လက်နက်တွေ မရလိုက်ပါဘူး။ စစ်ခွေး ၂ ကောင်က ခံပစ်လို့ လက်နက်တွေ မကောက်လိုက်ရပါဘူး။ ကျန်တော်တို့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ခရီးသွား ပြည်သူတွေ ကားဆရာတွေ စစ်ခွေးတွေ နဲ့အတတ်နိုင်ဆုံး ရှောင်ပြီး မောင်း‌ပေးကြဖို့ ပြီးတော့ ပစ်ခတ်သံတွေ လက်နက်ကြီးအသံတွေကြားရင် အကာကွယ်ရှိတဲ့နေရာမှာ နေကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Farmers Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၈ နှင့် ‌‌မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေး CDSOM ဗိုလ်စင်္ကြာစစ်‌ကြောင်းတို့မှ ပူပေါင်းလုပ်ဆောင်ခဲ့ပြီး ချောင်းဦးမြို့ ပေါက်အင်းစိုက်ကွင်းရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ကူများဖြင့် တရစပ် ပစ်ခတ်ခဲ့ကာ ချောင်းဦးမြို့ ခရေဖြူဂိတ်မှ စစ်ကောင်စီ တပ်သားများ စစ်ကူရောက်ရှိလာ၍ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article