21 C
Yangon

မတ္တရာ၊ သပိတ်ကျင်းနှင့် နောက်ချိုတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မတ္တရာ ထန်းတောကုန်းရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး

Must read

မတ္တရာ၊ သပိတ်ကျင်းနှင့် နောက်ချိုတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မတ္တရာ ထန်းတောကုန်းရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ် ထန်းတောကုန်းရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မတ္တရာမြို့နယ်၊ ထန်းတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာဘက်ကနေ လှမ်းပစ်တာပါ။ ဒီနေ့ဖြစ်စဉ်မှာတော့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်” ဟု မန္တလေး PDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ရှုံးလာသည်နှင့် အမျှ ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ် မတော် (မန္တလေး) က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article