23 C
Yangon

ညောင်လေးပင်နှင့် ဘီးလင်းရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၁ နှစ်ကျော်နှင့် အသက် ၁၂ အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

Must read

ညောင်လေးပင်နှင့် ဘီးလင်းရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၁ နှစ်ကျော်နှင့် အသက် ၁၂ အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ​ပြည်သူ ၁ ဦးသေဆုံးပြီး ၁ နှစ် ၆ လ အရွယ်ကလေးငယ် နှင့် အသက် ၁၂ အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ၁၂၂ မမ ၁ လုံး ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်း ကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ဒေါ်ခင်စန်းမြင့်၏ နေအိမ် ၁ လုံးနှင့်ထင်းစင် ၁ ခု ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နတ်သံကွင်းမှနေသော အကြမ်းဖက် စစ်ကောင်စီတပ်များက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်းကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာတွင် နေထိုင်သည့် အသက် ၂၀နှစ်အရွယ် စောခွါးစိ၊အသက် ၅၅နှစ်အရွယ် ညားလူးမာ၊ နော်အားမူ ၏ တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညားလူးမာ နှင့် နောအားမူ တို့၏ နေအိမ် ၂ လုံး လည်းထိမှန်ပျက်စီးခဲ့ရသည့်အပြင် အသက် ၄၀နှစ်အရွယ် ညားလားစေး မှာ လည်းလက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် ကွင်းချောင်းဝမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်း ကျေးရွာအတွင်းတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ် အရွယ် စောသောနေထူး နှင့်အသက် ၁၂ နှစ်အရွယ် နော်ဒါးလယ်စေး တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စောစိုးနိုင်၏ နေအိမ် ၁ လုံးမှာလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်ခန့်တွင် နတ်သံကွင်းမှနေ၍ အကြမ်းဖက် စစ်ကောင်စီတပ်များသည် ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်း ကျေးရွာအတွင်းတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာတွင် နေထိုင်သည့် နော်မူး၏ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မူးမြို့နယ် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သဖန်းပင်ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ ကျေးရွာတွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ် မသန်းသန်းစိုးနှင့် အသက် ၁ နှစ်နှင့် ၆ လအရွယ် မောင်ရဲထက်အောင် ကလေးငယ် ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဦးဖိုးသဲ၏ နေအိမ် ၁ လုံးထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကြသောင်းဆိပ် အနောက်ရွာနှင့် ပျဉ်းမပင်ဆိပ် အနောရွာ အကြား ထို့ကော့နော်ဘော နေရာကို ဗုံးသီး ၃ လုံးနှင့် စစ်သေနတ်များ ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် နို့ဘယ်ဘော ရွာအတီး ထီးညဆားထ နေရာကိုလည်း ဗုံး ၃ လုံး ကျဲချခဲ့ကာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် သဲဖြူချောင်း(ထီးကျီးခံ)ရွာ ကျော်ပတဲကုန်း တောထဲတွင် ဗုံး ၃ လုံးနှင့် စစ်သေနတ်များ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ ထိခိုက်ခဲ့ခြင်းမရှိသော်လည်း ထိုလေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသော နေရာများ အနီးအနားတွင် နေထိုင်သော ပြည်သူလူထုများအနေဖြင့် ထိန့်လန့်ကြောက်ရွံ့နေပြီး ဘေးလွတ်ရာ နေရာဒေသများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article