25 C
Yangon

ရွှေဘိုမြို့နယ်တွင် လယ်ယာရိတ်သိမ်းနေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ဘုတလင်တွင်လည်း စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်

Must read

ရွှေဘိုမြို့နယ်တွင် လယ်ယာရိတ်သိမ်းနေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ဘုတလင်တွင်လည်း စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လယ်ယာရိတ်သိမ်းနေသော ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံ ပျူစောထီးရွာနှင့် သီလုံးပျူစောထီးရွာမှ လယ်ယာရိတ်သိမ်းနေသည့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပန်းရံရွာမှ ပျူစောထီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဇီးဖြူကုန်းရွာမှ ပျူစောထီး ညဏ်ထွန်း လက်ချောင်းပြတ် ဒဏ်ရာရရှိကာ စုစုပေါင်း ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ပျူစောထီး အသေအပျောက်ကတော့ သတင်းစုံစမ်းဆဲပါ။ အထိအခိုက်ကတော့ မြေပြင် သတင်း အတိအကျပါ။ ပျူစောထီးတွေ အရပ်သား ပြည်သူတွေ အပေါ် ဒုက္ခ မပေးနိုင်ရေး ကာကွယ်ပေးရမည့် တာဝန်သိစိတ်နဲ့ တိုက်ခိုက် ဟန့်တားခဲ့တာပါ” ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို snake eyes (LPDF) ပျံလွှား ဦးဆောင်သော Drone တပ်ဖွဲ့ ၊ Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း ၊ တောင်သူလွတ်မြောက်ရေး အင်အားစု (FIF) ၊ ဒေါင်းစစ်သည်တပ်ဖွဲ့၊ဗိုလ်လင်းရောင် (ဒပယ) ၊ shwebo Federal Army ၊ firly dragon Force ၊ စွန်ရဲရွှေဘို ဒေသခံအဖွဲ့ ၊Yaung NI ၊ တလရ တပ်ပေါင်းစု ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆက်လက်ပြီး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည် ဖြစ်သောကြောင့် ပြည်တွင်း ပြည်ပမှ အလှူရှင် မိဘပြည်သူများ ထောက်ပို့မှုများ ဆက်လက် လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ် – ၃၆ တပ်ရင်းထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ကူတော်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်အမှတ် – ၃၆ တပ်ရင်း အပါအဝင် ယင်းမာပင်ခရိုင်ဗျူဟာ(၄၇) နှင့် ယင်းမာပင်မြို့နယ်လက်ရုံးတပ် ULF စစ်​​ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article